9/21/2011

"လေးလွန်းတဲ့ စကားလုံးလား"


"လေးလွန်းတဲ့ စကားလုံးလား"

ငြိမ်းချမ်းရေးတဲ့
အော်နေကြတယ်
သိပ်မပြောပါနဲ့ ကျနော် ၀မ်းနဲလို့

သူကတ ကိုယ်တ
တလိုက်ရတဲ့
ငြိမ်းချမ်းရေး


အားနေလဲ
စားစရာ ရအောင်ရှာပေါ့တဲ့
ရှာသာရှာတာ ရှိမှမရှိတာ

လိုတာတွေကို လိုသလိုဖြည့်တဲ့
ဖြည့် ချင်ပါတယ်
ရှိမှမရှိတာ

အိမ်လို့တောင် မခေါ်ချင်ဘူး
တိတ်တိတ်လေး ရင်ထဲမှာပဲ
ခေါ်လိုက်ရတယ်

ငါ့ ညီ အငယ်ကောင်တောင်
သေနက်ဝယ်ပေး ပြောနေ ပြီ

အရှေ့ အလယ်ပိုင်းကိုလဲ
ပြေးကြည့်ရသေးတယ်

ကျနော်ရပ်လိုက်ပါတယ်
သူကရှေ့တိုး လာတော့

ဘယ်နယ် ငြိမ်းချမ်းရေး
ဝေအုန်းမှာလား ပြောပါအုန်း

ငါ့ညီ အငယ်ကောင်တောင်းတဲ့
အရုပ် သေနပ်ဝယ်ပေးရမှာလား
ဖြေဖြေ။ ။


မိုက်ခဲ (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာလ ၂၁ ရက်)

No comments:

Post a Comment