10/08/2011

ကျဉ်းတဲ့ ပိုးဟပ်နံ့နဲ့ပဲ

 
"ကျဉ်းတဲ့ ပိုးဟပ်နံ့နဲ့ပဲ"


အမေ နဲ့ အဖေရေ
သားရေခဲသေတ္တာကိုဖွင့်ကြည့်တော့
အအေးကမျက်နှာကိုလာ ဟပ်တယ်။

အမေနဲ့ အဖေရေ
သား ပြူတင်းတံခါးကို ဖွင့်လိုက်တော့
လေပြေအေးက ရင်ဘတ်ကြားကိုလာတိုးတယ်။

အမေနဲ့ အဖေရေ
သား ဘီဒိုအံဆွဲ ကိ ဖွင့်ကြည့်လိုက်တော့
ပိုးဟပ်နံ့ကလေးလေးပင်ပင် ၀င်လာပြန်တယ်။

အမေနဲ့ အဖေရေ
သားဖွင့်မိတဲ့ သုံးခုထဲမှာ ဘယ်ဟာက
ကျနော်နဲ့ သဟဇာတဖြစ်လဲ.......

ရေခဲသေတ္တာ၊ ပြူတင်းတံခါး နဲ့ ဘီဒိုအံဆွဲ
ဘာရွေးရမလဲ......

အံဆွဲကကျဉ်းပါတယ်
ရေခဲသေတ္တာက နဲနဲ ပိုကျယ်တယ်
ပြုတင်းတံခါးက အပြင်ကို အားရပါးရပေါ့.......

ဘာပဲပြောပြော
သား ကျဉ်းတာပဲယူတော့မယ်
ပိုးဟပ်နံ့ နဲ့ပဲကြီးပျင်းတော့မယ်။

ကမ္ဘာပြန့်ကြီးက သားတို့ အကတွေ လေထဲလွင့်သွားစေတယ်
ကမ္ဘာပြန့်ကြီးက အရင်းရှင်တွေပေါစေတယ်။
ကမ္ဘာပြန့်ကြီးက လေထုတွေ ညစ်သထက်ညစ်အုန်းမယ်။

တော်ပြီတော်ပြီ
ကျဉ်းတဲ့ ပိုးဟပ်နံ့နဲ့ပဲ အရိုးထုတ်တော့မယ်
အမေနဲ့ အဖေ။

မိုက်ခဲ....

No comments:

Post a Comment