6/06/2011

နေကောင်းလား


နေကောင်းလား
Photo from  http://simplygigantic.com/2010/blogging-etiquette/cartoon-man-using-computer-thumb4142338/

စကားလုံးတွေပဲမြင်ရ
ရုပ်မမြင်ရ 
အသံမကြားရ
ဘယ်လိုများရင်ခုန်သံ စစ်အုန်းမှာလဲ

ရင်ခုန်သံလေးမင်းဘယ်ရောက်နေလဲ
ကျနော်မသိဘူး
မမြင်ရ ၊ မကြားရ ကမ္ဘာထဲမှာ
ကျနော်မေ့မြောသွားခဲ့ဖူး

ဘာကြောင်လဲမသိဘူး
တစ်ခါမှ မတက်ခဲ့ဖူးတဲ့  
Chatting တွေတက်ခဲ့ရ
စာရိုက်ဖို့ လက်တွေ တုံခဲ့ပါတယ်
ဘာကြောင့်လဲမသိ
မသိမှုရဲ့ နောက်ကွယ်က တစ်ခုခုဖြစ်နေပြီထင်ပါရဲ့

ကိုယ်ပျောက် မမရယ်
ကိုယ်ပျောက်တာလား
ကိုယ်ဖျောက်တာလား
မလုပ်လိုက်ပါနဲ့ 
နောက်ဆုံးတော့  
" နေကောင်းလား" လို့ပဲမေးလိုက်မိတယ်.........

ချစ်ထူး

No comments:

Post a Comment