6/07/2011

ယုံရခက်


"ယုံရခက်"


ချမ်းသာမှုထက် ပျော်ရွှင်မှုကို
ဦးစားပေးခဲ့တယ်.........
တကယ်လဲပျော်ရွှင်ခဲ့ပါတယ်...။

ချဉ်ပေါင်ဟင်းကို ဈေးသယ်အပိုပေးတဲ့
ငါးခေါင်းလေးနဲ့ ချက်စားရင်း
အချစ်ရယ်၊ ပျော်ရွှင်မှုရယ်ကို
မြိန်မြိန်ကြီး စားသောက်ခဲ့တယ်...။

လခထုတ်ရက်တွေမှာ
မင်းပါလာတဲ့ လခလေးကို
ဖဲ့ရွဲ့ပြီး နှလုံးသားအတွက်
ကစားကွင်း ဖြစ်သွားခဲ့တယ်...။

အဖေပေးတဲ့ အမွေတွေရယ်
အမေပေးတဲ့ ချစ်ခြင်းမေတ္တာရယ်
မိသားစုဆိုတဲ့ နွေးထွေးမှုရယ်ကို
သူနဲ့ဆော့ကစားရင်း မေ့ထားခဲ့တယ်...။

ကဲခုတော့.......
ချဉ်ပေါင်ဟင်းလေးရယ်........
ကစားကွင်းလေးရယ်...........
မင်းရယ်.........
ဘယ်မှာလဲ.....?

နေအေး

မှတ်ချက်။ ။မေ့မရသောချစ်သူအတွက်

No comments:

Post a Comment